ရွာတိုင်းအတွက်-ကဗျာလက်ဆောင်
-
မေတ္တာယိုဖိတ် ၊ ချစ်ဇောစိတ်ဖြင့်
-
အရိပ်တကြည့်ကြည့် ၊ စောင့်ရှောက်ဘိ
-
မွေးမိဘနှစ်ဖြာ။

-
သ္မီးသားများ ၊ လမ်းကြောင်းမှားလည်း
-
လမ်းမှားကိုဖျောက် ၊ လမ်းမှန်ရောက်အောင်
-
စောင့်ရှောက်မယုတ် ၊ ပိုက်ထွေးအုပ်
-
ကျွန်ုပ်တို့အတွက်သာ ။
-
မိဘဂုဏ်အင် ၊ ပြောပြလျှင်လည်း
-
ကုန်စင်မည်မှာ ၊ မစွမ်းသာ၍
-
မှားပါသမျှ ၊ မိုက်နောင်တဖြင့်
-
ဝန်ချတောင်းပန် ၊ မိဘထံ
-
ဆွေမွန်မိတ်သဟာ ။
No comments:
Post a Comment